ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၌ ပညာ‌ရေးစီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး (မြို့နယ်အဆင့်) အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ဒဂုံအရှေ့ မေ ၂၀

ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၌ (၂၀၂၂-၂၀၂၃) ပညာသင်နှစ် စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး (မြို့နယ်အဆင့်) အလုပ်ရုံဆွေးနွေးပွဲ ကို ယမန်နေ့ နံနက် ၉ နာရီ က မြို့နယ်ပညာရေးမှူးရုံးရှိ အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။

အဆိုပါ ဆွေးနွေးပွဲတွင် မြို့နယ်ပညာရေးမှူး ဒေါ်ထူးထူးလွင်က အလုပ်ရုံဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အားပြောကြားရာ၌ ပြောင်းလဲလာသော စနစ်သစ်ပညာရေးစနစ်၌ သင်ကြားမှုအရည်အသွေးများ တိုးတက်ကောင်းမွန်စေရန် သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲ များကို စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားပေးနေကြောင်း၊ သင်ကြားမှု၊ သင်ယူမှုစွမ်းရည်၊ စီမံအုပ်ချုပ်မှု ကောင်းမွန်ရေးသည် ကျောင်းအုပ် ဆရာ၊ ဆရာမကြီးများ၏ အခန်းကဏ္ဍဖြစ်သည်အတွက် အထူးအရေးကြီးသဖြင့်  အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

အဆိုပါ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲသို့ မြို့နယ်အတွင်းရှိ အခြေခံပညာ ထက်/ လယ်/ မူ၊ ဘုန်တော်ကြီးသင် စာသင်ကျောင်းနှင့် ကိုယ်ပိုင်စာသင်ကျောင်းများမှ ကျောင်းအုပ် ဆရာကြီး၊ ဆရာမကြီးများ စုစုပေါင်း (၃၃) ဦး တက်ရောက်ခဲ့ကြရာ ‌၂၀၂၂ ခုနှစ် မေလ ၁၉ ရက်မှ ၂၀ ရက်နေ့အထိ ဆွေနွေးသွားမည်ဖြစ်ကြောင်း သတင်းရသည်။

ဝင်းအိမွန်(ပြန်/ဆက်)