ပုသိမ်ကြီး မေ ၂၀
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ မီးသတ်ဦးစီးဌာနသည် မြို့နယ်အတွင်းရှိ တက္ကသိုလ်/ကောလိပ်များသို့ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စစ်ဆေးလျက်ရှိရာ ယနေ့နံနက် ၉နာရီခွဲက သမဝါယမကောလိပ်(မန္တလေး)၌ ကွင်းဆင်းစစ်ဆေးခဲ့သည်။
အဆိုပါ စစ်ဆေးရာတွင်ကျောင်းစာသင်ဆောင်များ၊ ရေစင်နှင့် ရေကန်များ၊ လျှပ်စစ်မီးတပ်ဆင်အသုံးပြုမှုများ၊ မီးသတ်ဆေးဗူးများ ထားရှိမှုအခြေအနေနှင့် အခြားလိုအပ်သည်များအား မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းသန့်နှင့်တပ်ဖွဲ့ဝင်များက အကြံပြုမှာကြားကာ စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
စာသင်ကျောင်းဆောင်များ၊ စာကြည့်တိုက်၊ ရုံးခန်းများနှင့် ကြည့်ရှုစစ်ဆေးမည့် နေရာများအား သမဝါယမကောလိပ်(မန္တလေး)ကျောင်းအုပ်ကြီး ဒေါက်တာတင်မူအေးနှင့် တာဝန်ရှိသူများကကျောင်းအတွင်း လိုက်လံရှင်းလင်းပြသခဲ့ကြသည်။ ကျန်ရှိနေသေးသည့် တက္ကသိုလ်များအား ဆက်လက်ဆေးစစ်သွားမည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူးရုံးမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)