လှိုင်းဘွဲ မေ ၂၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဉာဏ်ရည်ဉာဏ်သွေးများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့်အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်း၌ ဆောင် ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ပြိုင်ပွဲများဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကျောင်းသား၊ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေးများ ဖွံ့ဖြိုးတိုးတက်လာရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ သရေကွင်းပေးကမ်းခြင်း ပြိုင်ပွဲ၊ ခုံလုပြိုင်ပွဲနှင့် တေးသရုပ်ဖော်ပြိုင်ပွဲများကို ကျောင်းသား/ကျောင်း သူများက ပျော်ရွင်စွာ ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။
စောဒိ( ပြန် / ဆက်)