ချမ်းမြသာစည် မေ ၂၀
မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Center) တွင် အခြေခံပန်းချီရေးဆွဲနည်းသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ဦးစီးမှူးဒေါ်ခင်စိမ်း၀င်းက ကျောင်းပိတ်ရက်ရှည်ကာလအတွင်း အချိန်ကိုအကျိုးရှိစွာဖြင့် ယခုလိုသင်တန်းတက်ရောက်ကြသော သင်တန်းသား/သူများနှင့် အခြေခံပန်းချီရေးဆွဲနည်းကို သင်ကြားပေးပါသော နည်းပြဆရာတို့အား ကျေးဇူးတင်ရှိပါကြောင်း၊ နောင်တွင်လည်း ယခုကဲ့သို့ ကျောင်းသားလူငယ်များအတွက် အကျိုးရှိစေမည့်သင်တန်းများကို ဆက်လက်ဖွင့်လှစ်ပေးသွားမည်ဖြစ်ပါကြောင်းပြောကြားခဲ့ပြီး သင်တန်းတွင်ဆုရရှိသော သင်တန်းသား/သူများအား ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။
သင်တန်းဆင်းပွဲသို့ မြို့နယ်ရုံး၀န်ထမ်းများ နည်းပြဆရာနှင့်အတူ သင်တန်းသား/သူများ၊ မိဘများ၊ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
ခင်စိမ်း၀င်း