ဒေါပုံ မေ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်အတွင်း သန့်ရှင်းသာယာ လှပစေရေး၊ ရေစီးရေလာကောင်းမွန်စေရေး၊ လမ်းပန်းဆက်သွယ်မှု အဆင်ပြေ ချောမွေ့စေရေး၊ မြို့နယ်အတွင်းရှိ ပြည်သူများ၏ လူနေမှု အဆင့်အတန်းများ ဖွံ့ဖြိုးတိုးတက်စေရေး စသည်ဖြင့် မြို့ပြအင်္ဂါရပ်နှင့် ပြည့်စုံညီညွတ်မှုရှိစေရေးအတွက် ယမန်နေ့နံနက်ပိုင်းအချိန်က မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ကြီးကြပ်မှုဖြင့် ဒေါပုံမြို့နယ် ဗမာရပ်ကွက်၊ မင်းနန္ဒာလမ်း (Capitalအနီးရှိ) အမြင်မတင့်တယ်သော အမှိုက်/မြက်ချုံများ ရှင်းလင်းခြင်း လုပ်ငန်းများအား အနီးအနားရှိ ရပ်ကွက် နေပြည်သူ (၃)ဦးနှင့် မြို့နယ်စည်ပင်သာ ယာဝန် ထမ်းအင်အား ၂၁ ဦး၊ မြို့နယ်ခေတ္တ EO တို့ဖြင့် မြို့နယ်အတွင်းရှိ လမ်းများ၏ ဘေးဘက်ဝဲယာတစ်လျှောက်တွင် ချုံနွယ်ပိတ်ပေါင်းများနှင့် အမှိုက်သရိုက်များ ရှင်းလင်းခြင်း၊ လျှပ်စစ်ဓာတ်အား လိုင်းကြိုးများနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများအား ခုတ်ထွင် ရှင်းလင်းခြင်း၊ ရေနှုတ် မြောင်းများအား ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ဆောင်ရွက်ခြင်း၊ စသည့်တို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဒေါပုံမြို့နယ်အနေဖြင့် မြို့ပြအင်္ဂါရပ်နှင့် ပြည့်စုံ ညီညွတ်မှုရှိစေရေးအတွက် သက်ဆိုင် ရာဌာနများနှင့် ပူးပေါင်း၍ စဉ်ဆက်မပြတ် အရှိန်အဟုန်မြှင့် ကြိုးပမ်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
သူဇာ၀င်း