ညောင်ဦး မေ ၂၀
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အတွင်းရှိပြည်သူများ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးပေးနိုင်မှုအခြေအနေမှာ ယနေ့နံနက်ပိုင်းအချိန်ထိ ၅၂၂၇၀၇ ဦး ထိုးပေးနိုင်ခဲ့ပြီဖြစ်ကြောင်း ညောင်ဦးခရိုင်၊စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများထံမှ သိရသည်။
ညောင်ဦးခရိုင်အတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးပေးနိုင်ရန် ကျောက်ပန်းတောင်းမြို့နယ်၊ ညောင်ဦးမြို့နယ်တို့တွင် သတ်မှတ်စုရပ်နေရာနေရာ အသီး သီး၌ ကိုဗစ်ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိရာ ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးပြီးသူ ၂၅၆၂၀ ဦးထိုးနှံပေးပြီးဖြစ်ကာ၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်ကူးစက်ရောဂါကာကွယ် ဆေးထိုးပေးနိုင်မှု ၂၆၆၅၀၇ဦး ထိုးပေးနိုင်ခဲ့ပြီဖြစ်ကာ ညောင်ဦးခရိုင်တွင် ကိုဗစ်ရောဂါ ကာကွယ်ဆေး ၅၂၂၇၀၇ ဦးထိုးပေးနိုင်ပြီဖြစ်ကြောင်းဝေးလံသည့် ဒေသများနှင့်လာရောက် ဆေးထိုးရန်မလွယ်ကူသည့် နေရာဒေသများသို့လည်း နယ်လှည့်ကိုဗစ် ကာကွယ် ဆေးထိုးအဖွဲ့ များဖြင့် သွားရောက်ထိုးနှံပေးလျက်ရှိကြောင်း ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်ထံမှ သိရသည်။
ကိုထိန်၊KPD