ပိုင်ကျုံ မေ ၂၀
ကရင်ပြည်နယ်၊ ဘအံခရိုင်၊ ပိုင်ကျုံမြို့၊ အမှတ်(၃)ရပ်ကွက်၌ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသရှိ ပြည်တွင်းနေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်သူများနှင့် နေရပ်ပြန်ပြည်သူများအား လူမှုကရုဏာနှင့်အကာအကွယ်ပေးခြင်းဆိုင်ရာ အကူအညီပေးရေးစီမံချက်ဖြင့် ကျေးရွာလူထုကြံ့ကြံ့ခိုင်နိုင်စွမ်းရည်မြှင့်တင်ရေးသင်တန်းကို ယမန်နေ့က ဖွင့်လှစ်ခဲ့ကြောင်းသိရှိရသည်။
အဆိုပါသင်တန်းတွင် ဒေသနေပြည်သူများ အရေးပေါ်အသက်ကယ်နည်းဆိုင်ရာလိုအပ်ပါက ကူညီဆောင်ရွက်ပေးနိုင်ရန်အတွက် ကြက်ခြေနီအကြောင်းသိကောင်းစရာများ၊ ရှေးဦးပြုစုခြင်း၏ အခြေခံသဘောတရားများ၊ ဆို့နင်ခြင်း၊ သွေးဆုတ်သွေးလန့်ခြင်း၊ သတိ လစ်ခြင်း၊ သတိလစ်ခြင်း၊ လူနာဆန်းစစ်ခြင်း၊ ဒဏ်ရာအမျိုးမျိုးနှင့် သွေးယိုစီးခြင်း၊ အခြေခံအသက်ကယ်အထောက်အကူပြုနည်း၊ မကူးစက်နိုင်သောရောဂါများနှင့် အမူအကျင့်ပြောင်းလဲခြင်းနည်းလမ်းများ သန့်လေးသန့်နှင့်ဝမ်းပျက်ဝမ်းလျှောရောဂါ၊ကိုဗစ်-၁၉ ရောဂါနှင့်ဆက်စပ်သော ရှေးဦးပြုစုနည်းစနစ်များ စသည့်အချက်များ သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။
အဆိုပါသင်တန်းကို လှိုင်းဘွဲမြို့နယ်၊ မြန်မာနိုင်ငံကြက်ခြေအသင်းမှတာဝန်ရှိသူများတို့မှ မေလ ၁၈ ရက်နေ့မှ ၂၁ ရက်နေ့အထိ ၄ ရက်ကြာပို့ချသင်ကြားပို့ချပေးမည်ဖြစ်ပြီး ပိုင်ကျုံမြိုအမှတ်(၃) ရပ်ကွက်မှ လူငယ်မောင်မယ်များတက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)