ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေလိုအပ်နေသည့် ကျေးရွာများသို့ သောက်သုံးရေလှူဒါန်းခဲ့ရာ ရေဂါလံနှစ်သိန်းတစ်သောင်းကျော် လှူဒါန်းခဲ့ပြီးဖြစ်

ညောင်ဦး  မေ  ၂၀

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် သောက်သုံးရေလိုအပ်လျက်ရှိသော နတ်ပလင်ကျေးရွာသို့ မေ၂၀ရက်၊ နံနက် ၈ နာရီအချိန်တွင် သောက်သုံးရေဂါလံ (၁၆၀၀) သွားရောက်လှူဒါန်းခဲ့ကြောင်း အေးမေတ္တာသောက်ရေအလှူတော်အသင်းအကျိုး ဆောင်များထံက သိရသည်။

ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေလိုအပ်လျက်ရှိသော ညောင်ဦးမြို့ နဖူးပြားတဲတိုက်သို့ ရေဂါလံ ၁၆၀၀ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ ညောင်ဦးမြို့နယ်အတွင်းရှိ သောက်သုံးရေလိုအပ်လျက်ရှိသော တဲတိုက်များ၊ ကျေးရွာများအတွက် ရန်ကုန်မြို့ဝေမျှခြင်း ပရဟိတမိသားစုမှ လှူဒါန်းပေးလျက်ရှိရာ ယခုသောက်သုံးရေလှူဒါန်းသည့် နဖူးပြားတဲတိုက် အတွက် ရေဂါလံ၁၆၀၀လှူဒါန်းခဲ့ပြီးဖြစ်ရာ သောက်သုံးရေ(၂၁၇၆၀၀) ဂါလံညောင်ဦးမြို့နယ် သောက်သုံးရေလိုအပ်နေသော ကျေးလက်နေပြည်သူများအား ဖြန့်ဝေပေးနိုင်ခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ် နတ်ပလင်ကျေးရွာတွင် အိမ်ခြေပေါင်း ၄၀၀ ရှိပြီး၊ လူဦးရေ ၂၀၀၀ ဦးခန့် နေထိုင်ကြောင်း သိရသည်။

ကိုထိန်၊KPD