တန့်ယန်းမြို့နယ်တွင် “ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံ ကြစို့” ဆိုင်းဘုတ်တင်ပွဲကျင်းပ

တန့်ယန်း မေ ၁၉

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာ ကျောင်းအပ်နှံရေး သီတင်းပတ်ဖြစ်သည့် မေလ ၂၆ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ ဆောင်ရွက်ကြမည့် “ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြစို့” ဆိုင်းဘုတ်တင်ပွဲကို ယမန်နေ့  မွန်းလွဲပိုင်းက မြို့နယ်ပညာရေးမှူးရုံးရှေ့၌ ကျင်းပခဲ့သည်။

ဆိုင်းဘုတ်တင်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မှတာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူး ဦးသိန်းထွန်းဦးနှင့် မြို့နယ် ပညာရေးဌာနမှ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများက “ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြစို့” ဆိုင်းဘုတ်ကိုတင်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကာ စုပေါင်းမှတ်တမ်းပုံရိုက်ခဲ့ကြကြောင်း သိရသည်။ 

မင်းလွင်ဦး(ပြန်/ဆက်)