နောင်ချို မေ ၂၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တောင်သူများအား မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို မေလ ၁၆ ရက်နေ့မှစ၍ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
နောင်ချိုမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို မြို့နယ်မန်နေဂျာ ဦးဇော်နိုင်ဦးနှင့် ဝန်ထမ်းများက ထုတ်ချေးပေးရာတွင် ၂၀၂၂ ခုနှစ် မေလ ၁၆ရက်မှ ၁၉ ရက်နေ့ထိ ထုတ်ချေးပြီးကျေးရွာအုပ်စု (၇)အုပ်စု၊ ထုတ်ချေးပြီး တောင်သူဦးရေ(၂၄၄)ဦး ထုတ်ချေးပြီးဧက(စပါး) (၁၀)ဧက၊ ထုတ်ချေးပြီးဧက (ပြောင်း) (၁၅၇၅)ဧကအတွက် ထုတ်ချေးငွေကျပ်(၁၅၉၀)သိန်းအား ထုတ်ချေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
နောင်ချိုမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် တောင်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းများ ဖွံဖြိုးတိုးတက်စေရေးနှင့် အကျိုးရှိစွာသုံးစွဲနိုင်ရေးအတွက် ချေးငွေများ ထုတ်ချေးပေးရခြင်းဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာထံမှ သိရသည်။
ထွေးငယ်(ပြန်/ဆက်)