မိုင်းဆတ်မြို့၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး လိုက်လံစစ်ဆေး

မိုင်းဆတ် မေ ၂၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ယနေ့နံနက်(၉)နာရီခွဲက မြို့နယ်စည်ပင်သာယာရေးဌာနနှင့် ကျန်းမာရေးဌာနတာဝန်ရှိသူတို့က မြို့မဈေးအတွင်း လိုက်လံစစ်ဆေးခဲ့ကြသည်။

သွေးလွန်တုပ်ကွေးကြိုတင်ကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် ပိုးလောက်လန်းခိုအောင်း နိုင်သည့် မြို့မဈေးရေနုတ်မြောင်းများတွင် အဘိတ်(Abate)ဆေးခပ်ခြင်းလုပ်ငန်းကို မြို့နယ်စည်ပင်သာယာရေးဌာန၊ အမှုဆောင်အရာရှိ ဦးအောင်သူနှင့်ဝန်ထမ်းများ၊ ကျန်းမာရေးဌာနမှ ဆရာမကြီး ဒေါ်ညေးစေနှင့်ဝန်ထမ်းများ၊ ရပ်ကွက်စာရေးတို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြင့်မောင်(ပြန်/ဆက်)