လှိုင်မြို့နယ်၊ လှိုင်​မြင့်မိုရ်လမ်းသွယ်တွင် ရေမြောင်းရှင်းလင်းခြင်းများဆောင်ရွက်

လှိုင် မေ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင် ယနေ့နံနက်  ၇ နာရီက လှိုင်မြို့နယ် ​(၁၀)ရပ်ကွက်၊လှိုင်​မြင့်မိုရ်လမ်းသွယ်တွင် ရေတင်မှုမရှိစေရေးအတွက် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး၊‌‌ ရေစီး‌ရေလာဌာန၊ ပတ်၀န်းကျင်ထိန်းသိမ်း‌ရေးနှင့်သန့်ရှင်း‌ရေးဌာမှ ဝန်ထမ်းများက ရေမြောင်းများရှင်းလင်းခြင်းနှင့်စင်္ကြံဘေး မြက်ရိုင်းပင်များ ရှင်းလင်းခြင်းအား သန့်ရှင်းရေးအဖွဲ့မှဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

ကျော်ရဲအောင်