­ဘုတ်ပြင်းမြို့နယ်၌ ကျောင်းအပ်နှံရေးသီတင်းပတ် အသိပညာပေးမြေစိုက်ပိုစတာ စိုက်ထူ

ဘုတ်ပြင်း မေ ၂၀   

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ် အသိပညာပေးမြေစိုက်ပိုစတာစိုက်ထူခြင်းကို ယမန်နေ့နံနက်  ၉ နာရီအချိန်က ပြည်ထောင်စုလမ်းမကြီးရှိ မြို့နယ်ပညာရေးမှူးရုံးရှေ့တွင် စိုက်ထူခဲ့သည်။

အဆိုပါ မြေစိုက်ပိုစတာစိုက်ထူခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးအောင်စိုးနှင့်ပညာရေးဝန်ထမ်းများ ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာဆရာမများက  ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ စာသားပါ ဗီနိုင်းမြေစိုက်ပိုစတာကို စုပေါင်းစိုက်ထူ ခဲ့ကြသည်။

မြန်မာ့ပညာရေးစနစ်တိုးတက်မြင့်မားလာစေရန်နှင့် ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ယူခွင့် အခွင့်အလမ်းရရှိစေရေး ရည်ရွယ်ချက်ဖြင့် ကျယ်ကျယ်ပြန့်ပြန်သိရှိစေရန် မြေစိုက်ပိုစတာအား  စိုက်ထူရခြင်းဖြစ်ကြောင်း သိရသည်။

( ပြန်/ဆက်)