ကျိုင်းတုံမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့် ရရှိဖို့ ကျောင်းအပ်နှံရေးဆိုင်ရာ မြေစိုက်ပိုစတာစိုက်ထူ

ကျိုင်းတုံ မေ ၂၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံရေးဆိုင်ရာ မြေစိုက်ပိုစတာ စိုက်ထူပွဲကို ယမန်နေ့က  ပြည်နယ်ပညာရေးမှူး(ရုံးခွဲ)၊ ကျိုင်းတုံရုံးရှေ့၌စိုက်ထူခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ပညာရေးမှူး(ရုံးခွဲ)၊ ကျိုင်းတုံမှ တာဝန်ရှိသူများနှင့် ဆရာ၊ ဆရာမများက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ ဆောင်ပုဒ်ပါ လှုံ့ဆော် မြေစိုက်ပိုစတာကို ပြည်နယ်ပညာရေးမှူး(ရုံးခွဲ) ကျိုင်းတုံရုံးရှေ့၊ ကျိုင်းတုံခရိုင် ပညာရေးမှူးရုံး ရှေ့နှင့် မြို့နယ်ပညာရေးမှူး ရုံးရှေ့နေရာများတွင် စုပေါင်းစိုက်ထူခဲ့ကြသည်။ အလားတူ ကျောင်းအပ်နှံရေးဆိုင်ရာ လှုံ့ဆော်မြေစိုက်ပိုစတာ၊ နံရံကပ်ပိုစတာများကို ရှမ်းပြည်နယ် (အရှေ့ပိုင်း) အတွင်းရှိ ခရိုင်၊ မြို့နယ် ပညာရေးမှူးရုံးများအလိုက်၊ ကျောင်းများအလိုက် စိုက်ထူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ်များအတွင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေး သတင်းပတ်အဖြစ် မေလ ၂၆ ရက်မှ ဇွန်လ ၁ ရက်အထိ ကျောင်းများအလိုက် ကျောင်းအပ်နှံရေးလုပ်ငန်းများ ဆောင်ရွက်သွားမည့်ဖြစ်ကာ ဇွန်လ ၂ ရက်တွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သွားမည်ကြောင်း သိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် အခြေခံပညာကျောင်း ၈၉၆ ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ၁၉ ကျောင်း၊ ကိုယ်ပိုင်ကျောင်း ၁၅ ကျောင်း ဖွင့်လှစ်နိုင်ရေး လျာထား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

အောင်ဇင်မြင့်(ပြန်/ဆက်)