တွန်းဇံ စက်တင်ဘာ ၄
ချင်းပြည်နယ်၊ တွန်းဇံမြို့၌ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ(၄)ရက် ယနေ့ နံနက် ၉ နာရီအချိန်တွင် ကိုဗစ်-၁၉ရောဂါဆိုင်ရာ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း လုပ်ငန်းဆောင်ရွက်ခဲ့သည်။
ချင်းပြည်နယ်၊ တွန်းဇံမြို့၌ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းကို ဆောင်ရွက်ခဲ့ကြသည်။
တွန်းဇံမြို့ရှိ ပြည်သူများ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်များအား ပြည်သူများ သိရှိလိုက်နာ ဆောင်ရွက်နိုင်စေရေးအတွက် အသိပညာပေး လုပ်ငန်းဆောင်ရွက်ခြင်းဖြစ်သည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အများပြည်သူများသို့ပန်ကြားချက်များ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန Facebook Page တွင် လွှင့်တင်ထားသည့် အသိပညာပေး တေးသီချင်း များအား မြို့တွင်းသို့ လှည့်လည်နှိုးဆော် ဖွင့်လှစ်ပေးခဲ့သည်။
အဆိုပါ အသိပညာပေး လုပ်ငန်းဆောင်ရွက်ခြင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တွန်းဇံမြို့နယ်ရုံးရှိ ဝန်ထမ်းများမှ ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
ဝေဖြိုး(ဇလပ်မြေ)