သာစည်မြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးဆိုင်းဘုတ်စိုက်ထူ

သာစည် မေ ၁၉

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိစေရန် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးဆိုင်းဘုတ်စိုက်ထူပွဲကို ယနေ့နံနက် ၁၁ နာရီက လူစည်ကားရာနေရာများဖြစ်သော မော်တော်ယာဉ်လမ်းဆုံ မီးပွိုင့်အနီးနှင့် မြို့မဈေးကြီးအနီးတို့၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ ဆိုင်းဘုတ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်  ကျောင်းနေအရွယ်ကလေးအားလုံး  ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့နှင့် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေလ ၂၆ ရက်မှဇွန်လ ရက်နေ့အထိဖြစ်ကြောင်းတို့ပါရှိပြီး ဆိုင်းဘုတ်ကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့် အဖွဲ့ဝင်ဦးစိုးဝင်းအောင်၊ ဒုတိယမြို့နယ်ပညာရေးမှူး  ဦးတင့်ဘော်နှင့် ဦးမြင့်ကျော်၊ ဌာနဆိုင်ရာများနှင့် ဆရာ/မများက ဝိုင်းဝန်းစိုက်ထူကြပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြောင်း သိရသည်။

သာစည်မြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း ၂၁၁ ကျောင်းရှိကြောင်း မြို့နယ်ပညာရေးမှူး ရုံးမှသိရသည်။

မြို့နယ် (ပြန်/ဆက်)