၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ကျောင်းအပ်နှံရေး မြေစိုက်ပိုစတာအား ဇေယျာသီရိမြို့နယ် ပညာရေးမှူးရုံးတွင် စိုက်ထူ

 

ဇေယျာသီရိ မေ ၁၉

ဇေယျာသီရိမြို့နယ်ပညာရေးမှူးရုံးမှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေး မြေစိုက်ပိုစတာ စိုက်ထူပွဲကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇေယျာသီရိမြို့နယ် ပညာရေးမှူးရုံးရှေ့ ရန်ကုန်-မန္တလေးလမ်းဟောင်းဘေး၌ ယနေ့နံနက်ပိုင်းကကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ မြေစိုက်ပိုစတာတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက်မြန်မာတစ်နိုင်ငံလုံးရှိ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံရေး သီတင်းပတ်ကို မေလ(၂၆)ရက်နေ့မှ ဇွန်လ(၁)ရက်နေ့အထိ သတ်မှတ်ထားကြောင်းပါရှိပြီး အခမ်းအနားတွင် ဇေယျာသီရိမြို့နယ် ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးမင်းသူနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက မြေစိုက်ပိုစတာအားစိုက်ထူခဲ့ပြီး ပိုစတာအား အမွှေးနံသာများဖြင့် ပတ်ဖြန်းပေးခဲ့သည်။

ကျောင်းအပ်နှံရေးကာလအတွင်း အတန်းအားလုံးကျောင်းအပ်နှံကြရန်နှင့် ကျောင်းအပ်နှံရာတွင် မည်သည့်အခကြေးငွေမျှ ကောက်ခံမှုမရှိကြောင်း၊ ကျောင်းအပ်နှံသည့် ကျောင်းသားအားလုံးကို ပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်များနှင့် စာရေးကိရိယာများကို အခမဲ့ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း ဇေယျာသီရိမြို့နယ်ပညာရေးမှူးရုံးမှသိရသည်။

မြို့နယ်(ပြန်/ဆက်)