သိန္နီ မေ ၁၉
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံရေးအတွက် ကျောင်းအပ်နှံရေး ရက်သတ္တပတ် ဆိုင်းဘုတ်ထူခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က သိန္နီမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းရှေ့တွင် ပြုလုပ်သည်။
အဆိုပါ ကျောင်းအပ်နှံရေး ရက်သတ္တပတ် ဆိုင်းဘုတ်ထူခြင်း အခမ်းအနားကို မြို့နယ်ပညာရေးမှူး ဒေါ်သူဇာအေး၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းအုပ်ကြီး ဒေါ်ဝင်းမြင့်နှင့် ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ပြီး ဆိုင်းဘုတ်အား နံ့သာရည်ပက်ဖြန်းကာ စိုက်ထူပေးခဲ့သည်။ သိန္နီမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းသား/ကျောင်းသူများ ကျောင်းအပ်နှံရေးအတွက် ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံရေးကို မေလ ၂၆ ရက်နေ့မှ စတင်ကာ ဇွန် လ ၁ ရက်နေ့အထိ လက်ခံဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရ သည်။
စောဉမ္မာ(သိန္နီ)