ဝမ်းတွင်းမြို့နယ်တွင် “ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆိုင်းဘုတ်စိုက်ထူ

ဝမ်းတွင်း မေ ၁၉

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ဆိုင်းဘုတ်စိုက်ထူပွဲကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိစေရန် ရည်ရွယ်၍ ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့အသိပညာပေးဆိုင်းဘုတ်များ စိုက်ထူပေးခြင်းဖြစ်ပြီး ဆိုင်းဘုတ်စိုက်ထူပွဲ အခမ်းအနားများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှေ့၊ အခြေခံပညာအထက်တန်းကျောင်း (ဝမ်းတွင်း) အခြေခံပညာ အထက်တန်းကျောင်း (သဲတော) တို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိ ဖို့ကျောင်းအပ်နှံကြပါစို့ဆိုင်းဘုတ်စိုက်ထူပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်သီတာနှင့် ဆရာ/ဆရာများ တက်ရောက်ခဲ့ကြပြီး ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် မေလ (၂၆) ရက်မှ ဇွန်လ () ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဌေးလှိုင်(ဝမ်းတွင်)