ပြင်ဦးလွင် မေ ၁၉
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းအတွင်း သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးပြုလုပ်ပွဲကို ယနေ့နံနက် (၆) နာရီခွဲအချိန်က အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်းဝင် းအတွင်း/အပြင်၌ ကျင်းပပြုလုပ်ခဲ့သည်။
ပြင်ဉီးလွင်မြို့ရှိ အခြေခံပညာကျောင်းများ သန့်ရှင်းသာယာလှပသော ပတ်ဝန်းကျင်များ ဖြစ်ပေါ်စေရန်အတွက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ပြင်ဉီးလွင်တပ်နယ်မှ အရာရှိစစ်သည်များနှင့် တပ်ဖွဲ့ဝင်များ၊ ပြင်ဉီးလွင်ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် ခရိုင်ရဲတပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စုစုပေါင်းအင်အား (၂၂၀ ) ဉီးခန့်တို့က အထက (၃) ကျောင်းဝင်းအတွင်း သန့်ရှင်း သာယာလှပရေးအတွက် အမှိုက်များရှင်းလင်းခြင်းကို အင်တိုက်အားတိုက် စုပေါင်းဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ကျောင်းတွင်း၊ ကျောင်းပြင် သန့်ရှင်းသာသာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးပြုလုပ်ပွဲနေရာသို့ ပြင်ဉီးလွင်တပ်နယ်မှ တပ်နယ်မှူးနှင့် အရာရှိစစ်သည်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း တာဝန်ရှိသူတစ်ဉီး၏ ပြောကြားချက်အရသိရသည်။
ခရိုင် (ပြန်/ဆက်)