မတ္တရာ မေ ၁၉
၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းနေအရွယ်ကလေးများ ကျောင်းအပ်နှံနိုင်ရေးအတွက် အသိပေး ပိုစတာ စိုက်ထူပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အ.ထ.က(မတ္တရာ)ကျောင်းရှေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။
“ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်ပါ ပိုစတာစိုက်ထူပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရသိန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ်ခင်ဆွေဝင်းနှင့် ဆရာ/ဆရာများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြပြီး ကျောင်းအပ်နှံရေး အသိပေးပိုစတာကို စိုက်ထူပေးခဲ့ကြသည်။
ကျောင်းအပ်နှံရေးသီတင်းပတ်ကို မေလ ၂၆ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့ အထိ သတ်မှတ်ထားပြီး ဇွန်လ ၂ ရက်နေ့တွင် စာသင်ကျောင်းများကို စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်းနှင့် မူလတန်အဆင့် အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူများအား အတန်းအလိုက် ကျောင်းသုံးပုံနှိပ်များ၊ စာရေးကိရိယာများ၊ ကျောင်းဝတ်စုံများနှင့် ဗလာစာအုပ်များကို အခမဲ့ထောက်ပံ့ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)