သရက်ချောင်း မေ ၁၉
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ ဗီနိုင်းကို ယနေ့ နံနက် ၉ နာရီခွဲ အချိန်က သရက်ချောင်းမြို့နယ်ပညာရေးမှူးရုံးအရှေ့၌ စိုက်ထူခဲ့ကြောင်း သိရသည်။
ထိုသို့စိုက်ထူရာတွင် သရက်ချောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းဌေးနှင့် ဆရာ၊ ဆရာများက ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ ဗီနိုင်းဆိုင်းဘုတ်ကို စိုက်ထူခဲ့ကြကြောင်း၊ သရက်ချောင်းမြို့နယ်အတွင်း ၂၀၂၂ခုနှစ်၊ မေလ(၂၆)ရက်နေ့မှ ဇွန်လ(၁)ရက်နေ့အထိ ကျောင်းအပ်နှံရေးသတင်းပတ် ဖြင့် ကျောင်းအပ်နှံလက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
သားကြီး (သရက်ချောင်း)