စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ရှေးဦးပြုစုခြင်း အခြေခံသင်တန်း(၃/၂၀၂၂)ဆင်းပွဲနှင့်ဆုချီးမြှင့်ပွဲ ကျင်းပ

စဉ့်ကိုင် မေ  ၁၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီကြီးကြပ်မှု  ကော်မတီတို့ ပူးပေါင်း၍ ရှေးဦးပြုစုခြင်း အခြေခံသင်တန်း(၃/၂၀၂၂) ဆင်းပွဲကို မြို့နယ်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် မေလ(၁၈)ရက် မွန်းလွဲ(၃)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တပ်ခွဲမှူးဒေါ်မြင့်မြင့်စမ်းက သင်တန်းသား/သင်တန်းသူများအနေဖြင့် အရေးကြုံလာခဲ့ရင် မှန်ကန်တဲ့နည်းလမ်းများ၊ နည်းစနစ်များနှင့် လက်တွေ့အသုံးချသွားကြရန် အမှာစကားအဖြစ်ပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်၀င်း၀င်းသန်းက ကျောင်းသား/ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် လက်တွေ့နယ်ပယ်၌ ပရဟိတလုပ်ငန်းများ ကူညီဆောင်ရွက်ပေးနသူများအနေဖြင့်လည်း မှန်ကန်တဲ့ ရှေးဦးပြုစုခြင်းဖြင့် ကူညီဆောင်ရွက်ပေးနိုင်စေရန်ရည်ရွယ်ပြီး သင်တန်းကိုဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ သင်တန်းအောင်မြင်စွာပြီးဆုံးသည်အထိ ဝိုင်း၀န်ကူညီဆောင် ရွက်ပေးသူများအား အထူးကျေးဇူးတင်ရှိကြောင်းပြောကြားခဲ့သည်။

ရှေးဦးပြုစုခြင်းအခြေခံသင်တန်းဆင်းပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိနှင့်၀န်ထမ်းများ၊ စဉ့်ကိုင်မြို့နယ်  ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တပ်ဖွဲ့မှူးဒေါ်နီနီနှင့်တပ်ဖွဲ့၀င်များ၊ တံတားဦးမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တပ်ဖွဲ့မှူး ဦးအောင်နိုင်မင်းနှင့် တပ်ဖွဲ့၀င် များ၊  သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြပြီး သင်တန်းတွင် စာတွေ့၊ လက်တွေ့ဆန်းစစ်စာမေးပွဲ၌  ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့်နှစ်သိမ့်ဆုရရှိသူများအား တာ၀န်ရှိသူအသီးသီးကဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

၀င်း၀င်းသန်း(စဉ့်ကိုင်)