မရမ်းကုန်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် “ကျောင်း​နေအရွယ်က​လေးအားလုံး ပညာသင်ယူ ခွင့်ရရှိဖို့ ​ကျောင်းအပ်နှံ ကြပါစို့”ဆိုင်းဘုတ် စိုက်ထူ

မရမ်းကုန်းမေ ၁၉

​ကျောင်း​နေအရွယ်က​လေးများအားလုံး ပညာသင်ယူခွင့်ရရှိ​စေရန် ရည်ရွယ်၍ ရန်ကုန်တိုင်း​​ဒေသကြီး၊ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ်()ရပ်ကွက်ရှိ မြို့နယ်ပညာ​ရေးမှူးရုံး၌ ယ​​​နေ့နံနက် :၀၀နာရီအချိန်က ၂၀၂၂-၂၀၂၃ ပညာသင်နှစ် “​ကျောင်း​နေအရွယ် က​လေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ကျောင်းအပ်နှံကြပါစို့ဆိုင်းဘုတ် စိုက်ထူခြင်း အခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်​ဇော်​ဇော်​အောင်၊ မြို့နယ် ရဲတပ်ဖွဲ့မှူး၊ မြို့နယ်(ပြန်/ဆက်) ဦးစီးမှူး၊ မြို့နယ်ပညာ​ရေးမှူးနှင့် ဆရာ/ဆရာမများတက်​ရောက်ခဲ့ကြပြီးကျောင်းအပ်နှံ​​ရေး သီတင်းပတ်​အဖြစ်​ မေလ ၂၆ ရက်​နေ့မှ ဇွန်လ ၁ ရက်​​နေ့အထိ​ ဆောင်ရွက်ထား ​ကြောင်း သိရသည်။

​အေး​အေး​အောင်