၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေး ရက်သတ္တပတ် ပိုစတာစိုက်ထူခြင်း အခမ်းအနားကျင်းပ

မန္တလေး မေ ၁၉

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးပညာရေးမှူးရုံးနှင့် ခရိုင်ပညာ‌‌ရေးမှူးရုံးက ကြီးမှူးကျင်းပသော  ၂၀၂၂ -၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေး ရက်သတ္တပတ် ပိုစတာစိုက်ထူခြင်း အခမ်းအနားကို ယနေ့နံနက်(၈)နာရီတွင် ၇၃လမ်းနှင့်သိပ္ပံလမ်း ထောင့်၊ မဟာအောင်မြေမြို့နယ်၌ ကျင်းပပြုလုပ်သည်။

အဆိုပါ" ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့" ဆိုင်းဘုတ်တင်ပွဲအခမ်း အနားသို့ မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဦးခင်မောင်ထွေး၊ညွှန်ကြားရေးမှူး(စီမံ/ဘဏ္ဏာ)နှင့် ဦးတင်ရွှေ၊ညွှန်ကြားရေးမှူး(ပညာ)၊ ခရိုင် အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ပညာရေးမှူးများ တက်ရောက်ကြသည်။

ကျောင်းအပ်နှံခြင်းကို မေလ(၂၆)ရက်မှ ဇွန်လ(၁)ရက်နေ့အထိ ကျောင်းအပ်လက်ခံသွားမည်ဖြစ်ကြောင်းနှင့်ဇွန်လ(၂)ရက်နေ့မှစတင်၍ စတင်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မန္တလေး(ပြန်/ဆက်)