ပုသိမ်ကြီး မေ ၁၉
ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ ကျောင်းအပ်နှံရေး သတင်းပတ်ဆိုင်းဘုတ်စိုက်ထူခြင်း အခမ်းအနားကို ယနေ့နံနက် ၇နာရီက အထက ပုသိမ်ကြီးကျောင်း၌ ကျင်းပသည်။
ကျောင်းအပ်နှံရေး သတင်းပတ်အဖြစ် ၂၀၂၂ခုနှစ် မေလ(၂၆)ရက်နေ့မှ ဇွန်(၁)ရက်နေ့အထိ သတ်မှတ်ကာ ကျောင်းနေအရွယ်ကလေးအားလုံးကျောင်းအပ်နှံနိုင်ရေး စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်သည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ တာဝန် ခံမြို့နယ်ပညာရေးမှူး ဦးဝင်းဦးနှင့် ပညာရေးဌာနမှ ဆရာ၊ဆရာမများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)