အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး)၌ မီးဘေးကြိုတင်ကာကွယ်ရေး ဟောပြောသရုပ်ပြမှုများ ဆောင်ရွက်

ပုသိမ်ကြီး မေ ၁၉

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာအုပ်စုရှိ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (မန္တလေး)တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးကြိုတင်ကာကွယ်ရေး ဟောပြောခြင်းနှင့်သရုပ်ပြသမှု ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၉နာရီက အဆိုပါ တက္က သိုလ်၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးမင်းသန့်က မီးဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေးနည်းလမ်းများအား ဟောပြောရာ လျှပ်စစ်မီးအားကို ခံနိုင်ဝန်ထက်ပိုသုံးစွဲလျှင် အန္တရာယ်ရှိခြင်း၊ နေအိမ်၊ ရုံးခန်းများမှ အပြင်ထွက်လျှင် မီးခလုတ်များ သေချာပိတ်ရန်၊ မီးကြွင်းမီးကျန်မရှိအောင် စစ်ဆေးဖို့လိုကြောင်း၊ ဖယောင်းတိုင်၊ အမွေးတိုင်၊ ခြင်ဆေးခွေမီးတို့အား သေချာဂရုစိုက်အသုံးပြုရန်၊ မီးလောင်လျှင် မီးသတ်ဆေးဘူးဖြင့် ငြှိမ်းသတ်ခြင်းတို့ ပြုလုပ်သင့်ကြောင်း အစရှိသည်များအား ဟောပြောခဲ့ပြီး၊ မီးသတ်ဆေးဘူးအသုံးပြုပုံနှင့် လက်တွေ့မီးငြှိမ်းခြင်းတို့ သရုပ်ပြဆောင်ရွက်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းသန့်နှင့်တပ်ဖွဲ့ဝင်များ၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး) ပါမောက္ခချုပ် ဦးအောင်ဆန်းဦး၊ ဒုတိယပါမောက္ခချုပ်၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်သား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

မြို့နယ်(ပြန်/ဆက်)