စဉ့်ကိုင် မေ ၁၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ စာကြည့် တိုက်၊ ကလေးစာဖတ်ခန်း၌ ကလေးငယ်များ ဉာဏ်ရည်ဉာဏ်သွေးများ ထက်မြက်လာစေရန်၊ အများသူငှာရှေ့တွင် ရဲဝင့်စွာပြောဆိုတက်စေရန်နှင့် စာကြည့် တိုက်အားအသုံးပြုတက်စေရန် ရည်ရွယ်၍ ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်စန္ဒာအေးအောင်က စာဖတ်ခြင်း၏ အကျိုး ကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့ပြီး ဒေါ်အေးအေးသီ(ရုပ်သံကျွမ်းကျင်-၃)က ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်များကိုရှင်းလင်း ပြော ကြားပြီးပြိုင်ပွဲအား ဆက်လက်ကျင်းပခဲ့ရာ ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြင်ဖတ်ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ဉာဏ်စမ်းပြိုင်ပွဲများ ကျင်းပခဲ့ရာ ကလေးငယ်(၁၀)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲ၀င်ကလေးငယ်များအား အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြောင်းသိရသည်။
၀င်း၀င်းသန်း(စဉ့်ကိုင်)