မိုင်းဖြတ် မေ ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများကစာအုပ်၊ စာစောင်များ(Mobile Library) စနစ်ဖြင့် ယမန်နေ့ ညနေပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနသို့ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ငှားရမ်းပေးရာတွင် မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဌေးဌေးမာ နှင့်ဝန်ထမ်းများက သုတစာပေ(၅၀)၊ရသစာပေ (၁၀၀) သယ်ဆောင် ၍ သုတ၊ရသစာပေများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရှိ ဝန်ထမ်းများသို့ (အခမဲ့)ငှားရမ်းပေးခဲ့ ကြောင်း သိရသည်။
ထိုသို့ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းသည် စာဖတ်ပရိတ် သတ်များအနေဖြင့် မအားလပ်၍ မြို့နယ်ပြည်သူ့စာကြည့်တိုက်သို့ မလာနိုင်သော်လည်း စာပေများကို လွယ်လင့်တကူငှားရမ်းဖတ်ရှုနိုင်စေဖို့ ယခုကဲ့သို့ စာဖတ်ပရိတ်သတ်များ လက်ဝယ် အရောက် ငှားရမ်းပေးခြင်းဖြစ်ကြောင်း သိရသည်။
သန်းထွန်းအေး