ဘားအံ မေ ၁၈
ကရင်ပြည်နယ် ၊ ဘားအံမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းထိန်းသိမ်းရေးနေ့အထိမ်းအမှတ်တက္ကသိုလ်အဆင့် စာစီစာကုံးပြိုင်ပွဲကို “Only One Earth” “တစ်ခုတည်းသောကမ္ဘာမြေ” ခေါင်းစဉ်ဖြင့် ဘားအံတက္ကသိုလ် ပင်မဆောင်ခန်းမတွင် ယမန်နေ့နံနက်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းထိန်းသိမ်းရေးနေ့အထိမ်းအမှတ် “Only One Earth” “တစ်ခုတည်းသောကမ္ဘာမြေ” ခေါင်းစဉ်ဖြင့် တက္ကသိုလ်အဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဘားအံတက္ကသိုလ် မေဂျာအသီးသီးမှ ကျောင်းသား/သူ(၅၃)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကို ဇွန်လ(၅)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုများကို ပေးအပ်ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် တက္ကသိုလ်အဆင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပနေမှုအား ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ ဘားအံတက္ကသိုလ်မှပါမောက္ခချုပ်နှင့် တာဝန်ရှိသူဆရာ/မများ၊ ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး(ညွှန်ကြားရေးမှူး)ဦးအောင်သူကျော်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)