ထားဝယ် မေ ၁၇
၂၀၂၁-၂၀၂၂ခု၊ (Mini)ဘဏ္ဍာရေးနှစ်အတွက် ထားဝယ်မြို့နယ်၊ ဌာနပေါင်းစုံငွေစုငွေချေးသမဝါယမ အသင်းလီမိတက်က ယနေ့နံနက်ပိုင်းတွင် အသင်းမှအသင်းသား(၁၉၉)ဦးအား ထောက်ပံ့ငွေများ ထုတ်ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် တာဝန်ရှိသူများက ၂၀၂၁-၂၀၂၂ခု၊ (Mini) ဘဏ္ဍာရေးနှစ်အတွက် အသင်းမှအသင်းသား (၁၉၉)ဦးအတွက် စုဆောင်းငွေပေါ်အတိုး (၅၄၄၅၁၉၉)ကျပ်၊ အစုပေါ်အမြတ်(၇၇၆၃၃၉)ကျပ် အသင်းသားများ၏ စားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန် အသင်းသားများအား ထောက်ပံ့ငွေ(၉၉၅၀၀၀)ကျပ်အား ထုတ်ပေးခဲ့ကြောင်း သိရသည်။
ရွှေပင်လယ်(ထားဝယ်)