မတ္တရာ မေ ၁၇
ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် ယမန်နေ့နံနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းနှင့် လူနေအိမ်များ ပျက်စီးဆုံးရှုံးမှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိုသို့လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းတော်ကြီးကျောင်း(၁)ကျောင်း၊ စာသင်ကျောင်း (၁)ကျောင်းနှင့် ကျေးရွာအုပ်စု (၁၈)အုပ်စုမှ လူနေအိမ်(၁၂)လုံး သစ်ပင်ပိ၍ ပြိုကျပျက်စီးခဲ့ပြီး လူနေအိမ်(၈၁)လုံးမှာ အမိုးလန်ပျက်စီးသွားခဲ့ကြောင်း၊ ကျား(၁၇၂)ဦးနှင့် မ(၁၈၇)ဦး စုစုပေါင်းလူဦးရေ (၃၅၉)ဦးတို့ လေဘေးသင့်၍ အမျိုးသမီး (၁)ဦးသေဆုံးခဲ့ကြောင်းလည်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ လေဘေးသင့် ပြည်သူများ၏ စားသောက်နေထိုင်ရေးများအား သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများမှ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)