ပိုင်ကျုံ မေ ၁၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်၊ မြို့နယ်လျှပ်စစ်ရုံး၌ ၆၆/၁၁ကေဗွီ ဓာတ်အားခွဲရုံမှ ဝန်ထမ်းများ စိတ်အေးချမ်းသာအဆင်ပြေစွာ နေထိုင်နိုင်ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် လေးခန်းတွဲတစ်ထပ် ဝန်ထမ်းအိမ်ရာ(၁)လုံး တည်ဆောက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ အဆောက်အဦးသည် အလျား(၆၀)ပေ၊ အနံ(၅၀)ပေရှိပြီး ၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် (၁၀၆.၄၆၅၀၀)သန်းဖြင့် ရွှေဒင်္ဂါး၊ ငွေဒင်္ဂါး ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ၎င်းတည်ဆောက်ခြင်းလုပ်ငန်းသည် ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ ပထမအပတ်တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခုအခါ တည်ဆောက်ခြင်းလုပ်များ ရာနှုန်းပြည့်ပြီးစီးပြီး ဖြစ်ပါ၍ လျှပ်စစ်ရုံးမှ ဝန်ထမ်းများအနေဖြင့် လုံခြုံစွာနေထိုင်နိုင်သည့်အပြင် လုပ်ငန်းများဆောင်ရွက်ရာတွင် အဆင်ပြေလာပြီဖြစ်ကြောင်း၊ တည်ဆောက်ခြင်းလုပ်ငန်းအား သက်မှတ်ကာလအတွင်း အရည်အသွေးပြည့်မီစွာ ပြီးစီးနိုင်ရေးအတွက် တာဝန်ခံအင်ဂျင်နီယာ ဦးကိုကိုအောင်၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)