လယ်ဝေးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် အဆင့်မြင့်ဂျူဒိုသင်တန်း စတင်ဖွင့်လှစ်

လယ်ဝေး မေ ၁

ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာန (Community Centre)လူထုအခြေပြုဗဟိုဌာနတွင် လူငယ်များကျန်းမာ ကြံ့ခိုင်ပြီး ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလစသည့် ဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် နွေရာသီအားကစားသင်တန်းအဖြစ် အဆင့်မြင့် ဂျူဒိုသင်တန်းဖွင့်ပွဲအား ယမန်နေ့မွန်းလွဲ(၂)နာရီက ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးဝင်းအောင်က သင်တန်းဖွင့်လှစ်ရခြင်း ဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများအား ရှင်လင်းပြောကြားသည်။ ထို့နောက်  နည်းပြဆရာ ဦးထွန်းထွန်းနိုင်(မြန်မာ့လက်ရွေးစင်)က သင်တန်းစည်းမျဉ်းစည်းကမ်းများနှင့် သင်ကြားပေး မည့် အားကစားနည်းများအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် I.N.T ကုမ္ပဏီမှ ဦးမျိုးမင်းထွန်းက အလှူငွေပေးများအပ်လှူဒါန်းရာ မြို့နယ်ဦးစီးမှူးက ကျေးဇူးတင်စကားပြန် လည် ပြောကြားသည်။

အဆိုပါသင်တန်းအား မေလ(၁၆) ရက်နေ့မှမေလ(၂၈)ရက်နေ့အထိ (၁၃)ရက်ကြာ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ(၃၀)ဦး တက်ရောက်သင်ယူ လျက်ရှိကြောင်း သိရသည်။

နေဇော်ချစ်