တောင်ဥက္ကလာပ မေ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် လူငယ်နှင့် ရည်မှန်းချက် ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် လူငယ်လူရွယ်လေးများ ဗလငါးတန်ဖွံဖြိုးရေး၊ ကောင်းမွန်သော ရည်မှန်းချက်ထားရှိရန်၊ အနာဂတ်ကောင်းစားစေရန် အတွက် လူငယ်နှင့်ရည်မှန်းချက် ဟောပြောပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက ပြောကြားခဲ့ပြီး စာအုပ်စာပေချစ်မြတ်နိုးသူများ Book Club အဖွဲ့ဝင်၊ မြို့နယ်စာရေးဆရာအသင်းမှ စာရေးဆရာ မောင်ယဉ်ဝေက လူငယ်အတွက် ပညာရေးသည် အဓိက၊ ပ၊ထမအရွယ်တွင် ပညာရှာရန်၊ ပညာဟူသည် အသိပညာ၊ အတတ်ပညာ၊ အနုပညာစသည်ဖြင့် မိမိဝါသနာနဲ့ ညီတဲ့ရည်မှန်းချက်ထားရန်၊ အချိန်ကိုတန်ဖိုးရှိစွာ အသုံးချတတ်ရန်၊ ရည်မှန်းချက်ထားရှိရန် အသိပညာဗဟုသုတရရှိစေရေး ဟောပြောခဲ့ကြောင်း သိရသည်။
ဟောပြောပွဲသို့ စာအုပ်စာပေချစ်မြတ်နိုးသူများ၊ စာပေဝါသနာပါသူ လူငယ်လူရွယ်လေးများတက်ရောက်ခဲ့ပြီး လူငယ်နှင့်ရည်မှန်းချက် ဟောပြောပွဲကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်တားဆီး ကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးညွှန်ကြားချက်များ နှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရသည်။
ခင်ဆွေနှင်း(ပြန်/ဆက်)