ပလင်းကမ်းသာယာဆင်စခန်းရှိ ဆင်များအား ကိုဗစ်-၁၉ ကူးစက်ရောဂါကာလအတွင်း Onlineမှတဆင့် ဆက်သွယ်၍ ဆင်စာဘူဖေးကျွေးမှု(၄၁၇)ကြိမ်ရှိလာ

ညောင်ဦး မေ ၁၇

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် မြင်းခြံ-ပခုက္ကူကားလမ်းမကြီးဘေး၊ အ‌နောက်ပုလင်း ကျေးရွာအနီး ဧရာဝတီမြစ်ကမ်းဘေးတွင် ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာယာဆင်စခန်း ကိုဗစ် -၁၉ရောဂါ ကာလအတွင်း မြန်မာပြည်အရပ်ရပ်မှ ဆင်ချစ်သူများက Onlineမှတဆင့် ဆက်သွယ်၍ ဆင်စာဘူဖေးကျွေးမှု များပြားလာကြောင်း ပလင်းကမ်းသာယာဆင်စခန်း တာဝန်ရှိသူများထံက သိရသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့သစ်လုပ်ငန်းက ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာယာဆင်စခန်းအား ကိုဗစ်-၁၉ ကူးစက်ရောဂါကာလအတွင်း  မြန်မာ ပြည်အရပ်ရပ်ရှိဆင်ချစ်သူများက Online မှတဆင့် ဆင်စာဘူဖေးကျွေးမွေးလှူဒါန်းလျက်ရှိရာ ကိုဗစ်-၁၉ကူးစက်ရောဂါကာလအတွင်း ဆင်စာဘူဖေးကျွေးသူများပြားလာကာ (၄၁၇)ကြိမ်ထိ ဆင်စာဘူဖေးကျွးမှုများပြားလာပြီးနောက် ထပ်ကျွေးမွေးဖို့ Onlineမှလည်း ကြိုတင်ချိတ်ဆက်မှု များလည်းရှိနေသေးကြောင်း ဆင်စခန်းတာဝန်ရှိသူများထံက သိရသည်။

မြန်မာနိုင်ငံတိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ဆင်စခန်း(၂၂)ခုထိဖွင့်လှစ်ထားရှိထားပြီး ဆင်စာ ဘူဖေးကျွေးမွေးလှူဒါန်းလိုပါက ဆင်စခန်းအမည်များနှင့် Pageများတွင် ဆက်သွယ်လှူဒါန်းနိုင် ကြောင်း ၊ဆင်စာအဖြစ် ကြံ၊ နေပီယာမြက်၊ ငှက်ပျောသီး၊ ဖရုံသီး၊ ဖရဲသီး၊ သခွားသီး၊သရက်သီး၊ အုန်းသီး၊ ပြောင်းဖူးများကို အဓိကကျွေးကြကာရာသီပေါ်သီနှံများအား ကျွေးမွေးကြပြီး ဆင်စာဘူဖေးတစ်ခါကျွေးလျှင် သုံးသောင်းကျပ်မှ ငါးသောင်းကျပ်ထိ လှူဒါန်းကြကာ တနေ့စာ ဆင်ခုနှစ်ကောင်အတွက် တစ်သိန်းကျပ်လှူဒါန်းနိုင်ကြောင်း သိရသည်။

ပလင်းကမ်းသာယာဆင်စခန်းဆင်စခန်းသို့ မလာရောက်နိုင်ပါက ဆင်စခန်းPageများမှတဆင့် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း ပလင်းကမ်းသာယာဆင်းစခန်း တာဝန်ခံလက်ထောက်မန်နေဂျာ ဖုံး (၇၉၃၈၂၀၅၃၂)သို့ ဆက်သွယ်လှူဒါန်းနိုင်ကြာင်းသိရကာ ကိုဗစ်-၁၉ ကူးစက်ရောဂါကာလအတွင်း ဆင်စာဘူဖေးကျွးမှု (၄၁၇)ကြိမ်ရှိခဲ့ပြီဖြစ်ကြောင်း မြို့အခြေပြုခရီးသွားလုပ်ငန်းဖွံ့ဖြိုးမှုအတွက် ဖွင့်လှစ်သည့်ဆင်စခန်းများ ကိုဗစ်-၁၉ကာလ ဆင်စာခက်ခဲလျက်ရှိကာ တောတောင်၊ ရေမြေသဘာဝအခြေခံဖွင့်လှစ်ထားသည့် ဆင်စခန်းများရှိဆင်များအတွက် အစာရေစာမခက်ခဲကြောင်းလည်း ပလင်းကမ်းသာယာဆင်စခန်းမှ သစ်အုပ်ကြီး ဦးစောဝါးဝါးရှင်းပြ၍ သိရသည်။

ကိုထိန်၊KPD