နမ့်ခမ်းမြို့၌ တည်ထားကိုးကွယ်သည့် ဉာဏ်တော်အမြင့် (၂၇)ပေ မဟာလာဘမုနိနှီးဘုရား ဌာပနာတော်သွင်းမင်္ဂလာနှင့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်(၅)ပါးတို့အား ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲ အခမ်းအနားကျင်းပ

နမ့်ခမ်း မေ ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၊ အမှတ်(၇)ရပ်ကွက်၊ မိုခမ်းရပ်၊ ဇေယျသုခစာသင်တိုက်နှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ တည်ထားကိုးကွယ်သည့် ဉာဏ်တော်အမြင့် (၂၇)ပေ မဟာလာဘမုနိ နှီးဘုရားဌာပနာတော် သွင်းမင်္ဂလာနှင့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်(၅)ပါးတို့အား ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်တွင် ဇေယျသုခစာသင်ကျောင်းတိုက်၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် နမောတဿ (၃)ကြိမ် ရွက်ဆိုဖွင့်လှစ်ပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့  ဘဒ္ဒန္တသုဘောဂ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ဆက်လက်၍ မူဆယ်ခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုး၊ နမ့်ခမ်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်၊  စကခ(၇) တပ်မမှူး ဗိုလ်မှူးချုပ် နေလင်းအောင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မပြည်သူစစ်ဥက္ကဋ္ဌ ဦးအိုက်ဆမ်နှင့် အလှူရှင်များကလှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ဆရာတော်သံဃာတော် အရှင်သူမြတ်များက ပရိတ်တရားတော်များ ရွတ်ဖတ်ချီးမြှင့်ပေးခဲ့သည်။

ထို့နောက် နမ့်ခမ်းမြို့၊ အမှတ်(၇)ရက်ကွက်၊ မိုခမ်းရပ်၊ ဇေယျသုခစာသင်တိုက်နှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ တည်ထားကိုးကွယ်သည့် ဉာဏ်တော်အမြင့်(၂၇)ပေ မဟာလာဘမုနိ နှီးဘုရားဌာပနာတော်သွင်းခြင်း၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်(၅)ပါးတို့အား ထပ်ဆင့်ဂုဏ်ပြုပူဇော်ခြင်း၊ ရှင်၊ ရဟန်း(၁၀၈)ပါးတို့အား ရှင်ပြုခြင်းနှင့် ရဟန်းခံကံထပ်မင်္လာပွဲ ကျင်းပပြီး အခမ်းအနားတွင် မူဆယ်ခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုး၊ နမ့်ခမ်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်၊  စကခ(၇) တပ်မမှူး ဗိုလ်မှူးချုပ် နေလင်းအောင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မပြည်သူစစ်ဥက္ကဋ္ဌ ဦးအိုက်ဆမ်၊ ရပ်ကွက်အုပ်ချုပ်ရေးများနှင့် အလှူရှင်များက တက်ရောက်ကြောင်း သိရသည်။

ဆိုင်ထွန်း(နမ့်ခမ်း)