ချမ်းမြသာစည်မြို့နယ်တွင် မီးလောင်မှုဖြစ်ပွား

ချမ်းမြသာစည် မေ ၁၆

မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်၊ ၅၀x၅၁ လမ်းကြား၊ ၁၁၆ (B) လမ်းတွင် ယနေ့နံနက် () နာရီ (၄၅) မိနစ်အချိန်ခန့်က မီးလောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းအရ အောင်ပင်လယ်နယ်မြေရဲစခန်းမှ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းမင်းစိုးဦးစီးသော န္ဓေမီးသတ်တပ်ဖွဲ့ဝင် (၂၅) ဦးနှင့် အရန်တပ်ဖွဲ့ဝင် (၃၀) ဦးတို့သည် မီးသတ်ယာဉ် () စီး၊ ရေသယ်ယာဉ် () စီးတို့ဖြင့် မီးငြှိမ်းသတ်ခဲ့ရာ ၈ နာရီခန့်တွင် မီးငြိမ်းသွားခဲ့သည်။

ဖြစ်စဉ်မှာ ဦးစိုးမြင့်အောင်၏ မန္တလာသူ-ကိတ်မုန့်လုပ်ငန်းစက်ရုံ၊ မုန့်ဖုတ်စက်အနီးရှိ Gas အိုးမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်ကျွမ်းမှုကြောင့် သွပ်မိုး၊ ကျောက်ပြားကာ၊ ကွန်ကရစ်ခင်း () ထပ်၊ မန္တလာသူ-ကိတ်မုန့်စက်ရုံ အဆောက်အဦအတွင်းရှိ ပစ္စည်းများ လောင်ကျွမ်းပျက်ဆီးခဲ့ကြောင်း၊ လုပ်ငန်းသုံး Gas အိုးအား ပေါ့ဆစွာအသုံးပြုသူ ဦးစိုးမြင့်အောင်အား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခင်စိမ်းဝင်း