ဒဂုံအရှေ့ မေ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အမှတ်(၇)ရပ်ကွက် အမှတ်(၆)အခြေခံပညာ မူလတန်းလွန်ကျောင်း၌ ယနေ့နံနက်၉နာရီအချိန်က ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအလယ်တန်းအဆင့် Grade-8 (သင်ရိုးသစ်)မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ရှေးဦးစွာ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်စီမံချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသူက အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက်မြို့နယ် ပညာရေးမှူးဆရာမကြီး ဒေါ်ထူးထူးလွင်က အလယ်တန်းအဆင့် Grade-8(သင်ရိုးသစ်) မြို့နယ်အဆင့် ဆင့်ပွားသင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ပြောကြားခြင်း၊ လက်ထောက်ပညာရေးမှူး ဦးတင်အောင်လင်းမှ သင်တန်းဆိုင်ရာ စည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းသို့ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်မှ သင်တန်းတက်ရောက်သည် ဆရာ/ ဆရာမ(၁၈၀)ဦး တက်ရောက်ကြပြီး၊ သင်တန်းအားနည်းပြ ဆရာ၊ ဆရာမ (၇)ဦးက ဦးဆောင် သင်ကြားပို့ချပေးမှာဖြစ်ပြီး၊ သင်တန်း ကာလမှာ မေလ(၁၆)ရက်မှ မေလ(၁၈)ရက်နေ့အထိ (၃)ရက်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
အခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပညာရေးမှူးများ၊ ဆရာ၊ ဆရာမများ တက်ရောက်ကြကြောင်း သိရသည်။
ဝင်းအိမွန်