ကျောက်ဆည်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခု ပညာသင်နှစ်တွက် ကျောင်းသုံးပုံနှိပ်စာအုပ်များ စတင်ထုတ်ပေး

ကျောက်ဆည် မေ ၁၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း(၁၈၆)ကျောင်းရှိပြီး ၂၀၂၂-၂၀၂၃ ခု ပညာသင်နှစ်အတွက် အခြေခံပညာမူလတန်းနှင့် အလယ်တန်းကျောင်းများအတွက် ကျောင်းသုံးပုံနှိပ်စာအုပ်များ စတင်ထုတ်ပေးခြင်းကို ယနေ့နံနက် (၁၀)နာရီက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း မလိခ အဆောင်တွင် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကျောင်းသုံးပုံနှိပ်စာအုပ်များ ထုတ်ပေးရာတွင် မြန်ဆန်မှုရှိစေရေးအတွက် အုပ်စုများခွဲပြီးရက်များသတ်မှတ်ကာ စနစ်တကျထုတ်ပေးလျက်ရှိကြောင်းနှင့် အထက်တန်းအဆင့် ကျောင်းသုံးပုံနှိပ် စာအုပ်များကိုလည်း ကျောင်းဖွင့်ရက်မတိုင်မီ ထုတ်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်တွင် မူလတန်းကျောင်း-ခွဲ(၁)၊မူလတန်းကျောင်း(၁၂၉)၊ မူလတန်းလွန်ကျောင်း (၂၆)ကျောင်း၊ အလယ်တန်း(၈) ကျောင်း၊ အလယ်တန်းကျောင်း-ခွဲ(၂)ကျောင်း၊ အထက်တန်းကျောင်း-ခွဲ (၉)ကျောင်း၊အထက်တန်းကျောင်း(၁၁)ကျောင်း စုစုပေါင်း (၁၈၆)ကျောင်းနှင့် ကိုယ်ပိုင်မူလတန်း ကျောင်း(၁)ကျောင်း အထက်တန်းကျောင်း(၃)ကျောင်း၊ ဘုန်းတော်ကြီးသင် အခြေခံပညာမူလတန်းကျောင်း (၁၁)ကျောင်း၊ မူလတန်းလွန်ကျောင်း(၆)ကျောင်းနှင့် အလယ်တန်းကျောင်း(၁)ကျောင်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

သက်မောင်