မဟာအောင်မြေမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အခြေခံရှေးဦးသူနာ ပြုစုနည်းသင်တန်းကျင်းပ

မဟာအောင်မြေ မေ ၁၆

မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ အခြေခံရှေးဦးသူနာ ပြုစုနည်းသင်တန်းကို နံနက် () နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဘိုဘိုဟန်က အခြေခံ ရှေးဦးသူနာပြုစုနည်းသင်တန်းကို (၁၆--၂၀၂၂) မှ (၁၈--၂၀၂၂) ရက်နေ့အထိ ပို့ချသင်ကြားမည် ဖြစ်ကြောင်းနှင့် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့ပြီးနောက် တက်ရောက် လာသော သင်တန်းသား/သင်တန်းသူများအား မြို့နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဝင် ဦးအုန်းရွှေက ကြက်ခြေနီအသင်းကြီးဖြစ်ပေါ်လာပုံနှင့် ကြက်ခြေနီအသင်းဖွဲ့စည်းရခြင်း ရည်ရွယ်ချက်များ၊ ကြက်ခြေနီ အမှတ်အသားကို ၁၈၆၄ ခုနှစ် ဂျီနီဗာမြို့၌ ကျင်းပခဲ့ကြောင်း၊ ကြက်ခြေနီအမှတ်အသားဖြစ်တဲ့ ဘေးအန္တရာယ် ကျရောက်ချိန်၌လည်းကောင်း၊ စစ်မက်ဖြစ်ပွားချိန်၌လည်းကောင်း၊ ကြက်ခြေနီ လှုပ်ရှားမှု၌ ပါဝင်သည့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (အိုင်စီအာစီ) အပြည်ပြည် ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းနှင့် အမျိုးသားကြက်ခြေနီ အသင်းများမှ လူပုဂ္ဂိုလ်များနှင့်  လူမှုဂရုဏာလုပ်ငန်းများ ပြုလုပ်သည့်အခါတွင် ဆေးဝန်ထမ်းများက ရန်သူမိတ်ဆွေ မခွဲခြားပဲ အသုံးပြုသည့်အမှတ်သားကို ဆိုလိုခြင်းဖြစ်သည်ဟု ကြက်ခြေနီနှင့် ပတ်သက်သည့် အကြောင်း အရာများကို ဆက်လက်၍ အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသော သင်တန်းသား/သင်တန်းသူများအား ပထမနေ့မှာ ကြက်ခြေနီ လှုပ်ရှုားမှုနှင့် လူနာဆန်းစစ်ခြင်း၊ ခန္ဓာကိုယ်တည်ဆောက်ပုံနှင့် လုပ်ငန်းစဉ်များ၊ နှလုံးသွေး လှည့်ပတ်ခြင်း၊ ဒဏ်ရာနှင့်သွေးယိုထွက်ခြင်း၊ အဆိပ်မိခြင်းနှင့်အပူလောင်ခြင်း စသည့်တို့ ပို့ချသွားမည် ဖြစ်ပြီး ဒုတိယနေ့မှာ  အရိုးကျိုးခြင်း၊ မေ့မြောခြင်းနှင့်ထိပ်လန့်ခြင်း၊ အသက်ရှူအားကူနည်းများ၊ ပတ္တီးလိပ်စည်းနည်းများနှင့် တတိယနေ့မှာ သုံးထောင့်ပတ္တီးစည်းနည်းများ၊ ပြန်လည်ဆန်းစစ်ခြင်း၊ စာတွေ့/ လက်တွေ့ ဖြေဆိုခြင်းများ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သင်ကြားပို့ချသူ ဒု-ကြက်ခြေနီ တပ်ဖွဲ့မှူး  ဒေါ်ဝါဝါရွှေက ပြောကြားခဲ့သည်။

အဆိုပါ အခြေခံရှေးဦးသူနာပြုစုနည်းသင်တန်းကို မြို့နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဝင် ဦးအုန်းရွှေ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးသန့်ဇင်ဦး၊ ဒု-မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဒေါ်ဝါဝါရွှေနှင့် သင်တန်းသား/သင်တန်းသူ စုစုပေါင်း (၂၀) ဦးတက်ရောက်ကြကြောင်း သိရသည်။

အောင်ဇော်မင်း