လမ်းမတော် မေ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ်အတွင်းရှိ ဆရာ/ဆရာမ များအား Gread-8သင်ရိုးသစ် သင်တန်းပါ သွင်ပြင်လက္ခဏာများနှင့် အတွေးအခေါ်များကို နားလည်သဘောပေါက်စေရန်၊ GRADE-8 ကျောင်းသားကိုင်စာအုပ်နှင့် ဆရာလမ်းညွှန် စာအုပ်များကို အသုံးချပုံများ သိရှိစေရန်နှင့် GRADE-8 သင်ရိုးသစ် မွမ်းမံသင်တန်း၏ ယေဘုယျဦးတည်ချက်များနှင့် အဓိကဦးတည်ချက်ကို နားလည်သဘောပေါက်စေရန်အတွက် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်ပညာရေးဌာန၏ စီစဉ်မှုဖြင့် Grade-8 သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားကို လမ်းမတော်မြို့နယ်ရှိ ပညာရေးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြု လုပ်ခဲ့သည်။
အဆိုပါ Grade-8 သင်တန်းအား ၁၆-၅-၂၀၂၂ မှ ၁၈-၅-၂၀၂၂ အထိ နေ့စဉ်နံနက်(၉)နာရီမှ ညနေ(၄) နာရီ အထိသင်ကြားပို့ချသွားမည်ဖြစ်ကြောင်း၊ ယနေ့ Grade-8 သင်တန်းတွင် ဆရာ/ဆရာမ(၁၁)ဦး၊ သင်တန်းနည်းပြ(၇)ဦး၊ သင်တန်းမှူး(၁)ဦး၊ သင်တန်းကြီးကြပ်(၂)ဦး၊ ရုံးအဖွဲ့(၂)ဦး စုစုပေါင်း (၂၃)ဦး၊ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
ကျော်ဆန်းမြင့်