လှိုင် မေ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာအလယ်တန်းဆင့် Grade-8 (သင်ရိုးသစ်) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က လှိုင်မြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ မြို့နယ်ပညာရေးမှူးရုံးရှိ လှိုင်ပညာခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် ပညာရေးမှူးဆရာ ဦးထွန်းလွင်မှ အဖွင့်အမှာစကားပြောကြားပြီး သင်တန်းနည်းပြ ဆရာမ ဒေါ်ဝါဝါက သင်တန်းဆိုင်ရာများအား ရှင်းလင်းပြောကြားသည်။
အဆိုပါအခြေခံပညာအလယ်တန်းဆင့် Grade-8 (သင်ရိုးသစ်)သင်တန်းကို မြို့နယ်အတွင်းရှိ အလယ်တန်းပြဆရာ၊ ဆရာမ (၇၄)ဦး တက်ရောက်ပြီး သင်တန်းနည်းပြဆရာ၊ ဆရာမ(၁၄)ဦးက သက်ဆိုင်ရာ ဘာသာရပ်အလိုက် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ သင်ကြားပို့ချပေးလျက်ရှိပြီး မြို့နယ်ပညာရေးမှူးရုံးမှ ကြီးကြပ်ပေးလျက်ရှိသည်။ အဆိုပါသင်တန်းကို မေလ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့အထိ သင်ကြားပို့ချမည်ဖြစ်ကြောင်း သိရသည်။
ကျော်ရဲအောင်