ကော့သောင်း မေ ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် Grade-8 တက်ရောက်သင်ကြားကြမည့် ကျောင်းသား၊ ကျောင်းသူများအား ကောင်းမွန်စွာ ပြန်လည်ပို့ချသင်ကြားနိုင်စေရန်ရည်ရွယ်ကာ အခြေခံပညာ(သင်ရိုးသစ်) Grade-8 မြို့နယ်အဆင့် (Face to Face) သင်တန်းကို အ.ထ.က(၁) ကျောင်းခန်းမတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်လမ်းညွှန်ချက်များနှင့်အညီ ယနေ့နံနက်ပိုင်းမှ စတင်ဖွင့်လှစ်ပို့ချလျက်ရှိသည်။
သင်တန်းတွင် အခြေခံပညာဦးစီးဌာန(ရုံးချုပ်)မှ ပို့ချသောသင်တန်းကို တက်ရောက်ခဲ့ကြသည့် မြို့နယ်အဆင့် နည်းပြ(၈)ဦးတို့ကဦးဆောင်ကာ ကော့သောင်းတစ်မြို့နယ်လုံးအတွင်းရှိ အခြေခံပညာအလယ်တန်းအဆင့်သင် ဆရာ၊ ဆရာမ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၂၁၇)ဦး တို့ကို မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီဝင်၊ သမိုင်း၊ သိပ္ပံဘာသာရပ်များနှင့် စာရိတ္တနှင့်ပြည်သူ့နီတိ၊ ကာယဘာသာရပ်များကို သင်တန်းကာလ မေလ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့အထိ သုံးရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
ကျော်စိုး(ကော့သောင်း)