မလှိုင်မြို့နယ်တွင် အခြေခံပညာအလယ်တန်းဆင့် (Grade-8) သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွား သင်တန်းဖွင့်လှစ်

မလှိုင် မေ ၁၆

၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအလယ်တန်းဆင့် (Grade-8) သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် () နာရီအချိန်က မလှိုင်မြို့ အခြေခံပညာအထက်တန်းကျောင်း ယမုံနာဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေသွေးကက အဖွင့်အမှာစကား ပြောကြားပြီး လက်ထောက် မြို့နယ်ပညာရေးမှူးဦးတင့်ဆွေက (Grade-8) သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွား သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ လည်းကောင်း၊ သင်တန်းသား/သူများ လိုက်နာရမည့် သင်တန်းစည်းမျဉ်း၊ စည်းကမ်းများကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့သည် ။

အဆိုပါသင်တန်းသို့ မြို့နယ်အတွင်းရှိအခြေခံပညာ အလယ်တန်းဆင့် ကျောင်း (၇၁) ကျောင်းမှ ဆရာ၊ ဆရာမ (၄၂၃) ဦး တက်ရောက်ခဲ့ပြီး သင်တန်းနည်းပြ ဆရာ/(၃၁) ဦးဖြင့် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီ၊ သိပ္ပံ၊ စာရိတ္တနှင့် ကာယဘာသာရပ်များကို သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ (၁၆--၂၀၂၂ မှ ၁၈--၂၀၂၂) ရက်နေ့အထိ ဖွင့်လှစ်ပို့ချ သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဌေး(မလှိုင်)