ကမာရွတ် မေ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်အတွင်းရှိ ဆရာ၊ ဆရာမ များအား Gread-8သင်ရိုးသစ် သင်တန်းပါ သွင်ပြင်လက္ခဏာများနှင့် အတွေးအခေါ်များကို နားလည်သဘောပေါက်စေရန်၊ GRADE-8 ကျောင်းသားကိုင်စာအုပ်နှင့် ဆရာလမ်းညွှန် စာအုပ်များကို အသုံးချပုံများ သိရှိစေရန်နှင့် GRADE-8 သင်ရိုးသစ် မွမ်းမံ သင်တန်း၏ ယေဘုယျ ဦးတည်ချက်များနှင့် အဓိကဦးတည် ချက်ကို နားလည်သဘောပေါက်စေရန်အတွက် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်ပညာရေးဌာန၏ စီစဉ်မှုဖြင့် Grade-8 သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားကို ကမာရွတ်မြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းအမှတ်(၃)၌ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ Grade-8 သင်တန်းအား ၁၆-၅-၂၀၂၂ မှ ၁၈-၅-၂၀၂၂ အထိလည်းကောင်း၊ Grade-11 သင်တန်းအား ၂၁-၅-၂၀၂၂ မှ ၂၃-၅-၂၀၂၂ အထိလည်းကောင်း၊ နေ့စဉ်နံနက်(၉)နာရီမှ ညနေ(၄)နာရီ အထိသင်ကြား ပို့ချသွားမည် ဖြစ်ကြောင်း၊ ယနေ့ Grade-8 သင်တန်းတွင် ဆရာ၊ ဆရာမ(၉၄)ဦး၊ သင်တန်းနည်းပြ(၁၄)ဦး၊ သင်တန်းမှူး(၃)ဦး၊ သင်တန်းကြီးကြပ်(၂)ဦး၊၊ ရုံးအဖွဲ့(၂)ဦး စုစုပေါင်း (၁၁၄)ဦး၊ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
စိမ်းလဲ့