ထားဝယ် မေ ၁၆
၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအထက်တန်းဆင့် Grade-၁၁ (သင်ရိုးသစ်) တိုင်းဒေသကြီးအဆင့်နည်းပြသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ပညာရေးဝန်ကြီးဌာနအနေဖြင့် ယခုစာသင်နှစ်တွင်ကျောင်းများ ပြန်လည်မဖွင့်လှစ်မီ “ကျောင်းနေအရွယ် ကလေးအားလုံးပညာသင်ခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ “ဆောင်ပုဒ်ကို သတ်မှတ်ပေးပြီး ၂၀၂၂ -၂၀၂၃ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ၂၀၂၂ ခုနှစ်၊ မေလ (၂၆)ရက်မှ ဇွန်လ (၁) ရက်နေ့အထိ တိုင်းဒေသကြီး မြို့နယ်/ ကျောင်းအလိုက် ကျောင်းအပ်နှံရေးလုပ်ငန်းများတွင် လူထုလှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်ရန် ညွှန်ကြားထားသည့်အပြင်၊ မြေစိုက်ပိုစတာ၊ ဗီနိုင်း၊ နံရံကပ်ပိုစတာများကိုတိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်ရုံးများနှင့် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများနှင့်ဘက ကျောင်းပါမကျန် ခွဲဝေချထားပေးပြီးဖြစ်ကြောင်း၊ တိုင်းဒေသကြီးအဆင့်သင်တန်းတွင် တက်ရောက်ကြမည့် ဆရာ ၊ဆရာမများအနေဖြင့် တိုင်းအတွင်းရှိ မြို့နယ်(၁၀)မြို့နယ်တွင် မြို့နယ်အဆင့် သင်တန်းနည်းပြအဖြစ် တာဝန်ထမ်းဆောင်ပြီး မိမိတို့မြို့နယ်များမှာရှိသော Grade-11 သင်ကြားမည့်ဆရာ/မများကို ဆင့်ပွားသင်တန်းများပေးသွားရမှာဖြစ်သည့်အတွက် ယခုသင်တန်းမှာ စနစ်တကျ သေသေချာချာ လေ့လာသင်ယူ မှတ်သားသွားကြရန်လိုအပ်ကြောင်း၊ အနာဂတ်နိုင်ငံတော်ကြီးကို တည်ဆောက်ကြမည့် မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများ ဘက်စုံဟန်ချက်ညီစွာကြိုးစား အားထုတ်ခြင်းဖြင့် တီထွင်ဖန်တီးလာနိုင်ခြင်း၊ ပြဿနာများဖြေရှင်းတတ်လာခြင်းနှင့် အသိပညာဗဟုသုတများကို လက်တွေ့အသုံးချတတ်သောအရည်အသွေးကောင်းမွန်သည့် ကျောင်းသားလူငယ်များ၊ ဖြစ်ပေါ်လာစေရန်နှင့် တာဝန်ယူ၊ တာဝန်ခံတတ်သူများ၊ ပူးပေါင်းဆောင်ရွက်တတ်သူများ၊ စာရိတ္တကောင်းမွန်သော လူချွန်လူမွန်များ ဖြစ်လာစေရန် ရပ်၊ ရွာ၊ မြို့နယ်၊ တိုင်းဒေသကြီး၊ သက်ဆိုင်ရာပညာရေးမိသားစုများအားလုံးက တက်ညီလက်ညီဝိုင်းဝန်းပြုစုပျိုးထောင်ပေးကြပါရန် လိုအပ်ကြောင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးပညာရေးမှူး ညွှန်ကြားရေးမှူးဦးဝင်းနောင်က သင်တန်းဖွင့်လှစ်နေမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
သင်တန်းတွင် သင်တန်းသားဆရာ/မစုစုပေါင်း(၁၀၀)ဦးအား နေပြည်တော်တွင်သင်တန်းတက်ခဲ့ကြသည့်နည်းပြ(၂၉)ဦးက မေ (၁၈) ရက်နေ့အထိသင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)