တိုက်ကြီးမြို့နယ်တွင် Grade 8 (သင်ရိုးသစ်) ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

တိုက်ကြီး မေ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်  Grade 8 (သင်ရိုးသစ်) မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း (တိုက်ကြီး) အနော်ရထာခန်းမ၌ ကျင်းပသည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်(၂)ဦးမောင်မောင်လတ်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူးဦးဌေးဌေးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့်အဖွဲ့၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နည်းပြဆရာ ဆရာမများနှင့် သင်တန်းသို့တက်ရောက်မည့် ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။

မြို့နယ်အဆင့် Grade 8 (သင်ရိုးသစ်) ဆင့်ပွားသင်တန်းကာလကို မေ ၁၆ ရက်နေ့မှ မေ ၁၈ ရက်နေ့အထိ ၃ ရက်သတ်မှတ်ထားပြီး အခြေခံပညာအထက်တန်းကျောင်း(တိုက်ကြီး)နှင့် အခြေခံပညာအထက်တန်းကျောင်း(မြို့မ)တို့၌ သင်တန်းသား၊ သင်တန်းသူ (၄၉၅)ဦးတို့ကို သက်ဆိုင်ရာဘာသာရပ်များအလိုက် ဆင့်ပွားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စန်းကလျာခိုင် (ပြန်/ဆက်)