၂၀၂၂-၂၀၂၃အခြေခံပညာအလယ်တန်းအဆင့် (Grade-8) သင်ရိုးသစ် မြို့နယ်အဆင့် သင်တန်းဖွင့်လှစ်

သရက်ချောင်း  မေ  ၁၆

၂၀၂၂-၂၀၂၃ အခြေခံပညာအလယ်တန်းအဆင့် (Grade-8) သင်ရိုးသစ်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ အချိန်က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြို့မရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း (ပညာရတနာခန်းမ)၌ ဖွင့်လှစ်ခဲ့ ကြောင်း သိရသည်။        

အဆိုပါ အခမ်းအနားတွင် သရက်ချောင်းမြို့နယ် ဒုတိယပညာရေးမှူး ဦးခင်မောင်စိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီးအဆိုပါသင်တန်းကို သင်တန်းနည်းပြများနှင့်သင်တန်း ကြီးကြပ်အဖွဲ့များ၊ သင်တန်းသား၊ သင်တန်းသူဆရာ၊ ဆရာမများတက်ရောက်ခဲ့ကြောင်း သိရသည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူများ တီထွင်ဖန်တီးတတ်စေရန်၊ အတွေးအခေါ်ကောင်းများ ရှင်သန်စေရန်၊ ပတ်ဝန်းကျင်ကောင်းများ ဖန်တီးတတ်စေရန်၊ လက်တွေ့ကျကျ အကောင်အထည်ဖော်တတ်စေရန်နှင့် ဆရာ၊ ဆရာမများ သင်ကြားပို့ချမှုများ အရည်အသွေးကောင်းမွန်စေရန် ရည်ရွယ်၍ သင်ရိုးသစ်(Grade–8) ဆင့်ပွားသင်တန်းကို သင်ကြားပို့ချရခြင်းဖြစ်ကြောင်း မြို့နယ် ပညာရေးမှူးရုံးက သိရသည်။

အဆိုပါသင်တန်းကို မြို့နယ်အတွင်းရှိ အလယ်တန်းကျောင်းအုပ် သင်တန်းနည်းပြ (၁၄) ဦးက သင်ကြားပို့ချမည်ဖြစ်ရာ သင်တန်းသား အ‌ခြေခံပညာ‌မူလတန်းပြ ဆရာ၊ ဆရာမ (၁၄၆)ဦး တက်ရောက်သင်ယူလျက်ရှိပြီး မေလ(၁၆)ရက်နေ့မှ (၁၈)ရက်နေ့အထိ စာတွေ့လက် တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

သားကြီး(သရက်ချောင်း)