ဝမ်းတွင်းမြို့နယ်တွင် ကိုဗစ်၁၉ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

ဝမ်းတွင်း မေ ၁၆

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင်အသက်(၆၅)နှစ်အထက် ပြည်သူများနှင့် ဒေသခံပြည်သူများအား ကိုဗစ်၁၉ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်(၈)နာရီအချိန်မှ စတင်ကာ မြို့နယ်ပြည်သူ့ဆေးရုံစုရပ်တွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

Covid19 ရောဂါကာကွယ်ဆေး FirstDoseSecondDose၊ BoosterDose ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးရာတွင်မြို့ပေါ်ရပ်ကွက်/ကျေးရွာများအုပ်စုများရှိ အသက်(၆၅)နှစ်အထက်ရှိသူများ၊ ဒေသခံပြည်သူများအား ကျန်မာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ကိုယ်ရေးအချက်အလက် စာရင်းများရေးသွင်းခြင်းများ ဆောင်ရွက်ပေးပြီး ကျန်းမာရေးကောင်းမွန်သော ဒေသခံ ပြည်သူ(၃၂၀))ဦးအား Covid19ရောဂါကာကွယ်ဆေးများ ထပ်မံထိုးနှံပေးခဲ့ကြောင်း သိရ သည်။

အဆိုပါ ကိုဗစ်၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ‌ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ကျန်မာရေးဌာနဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့စေတနာလုပ်အားရှင်များနှင့် ဒေသခံပြည်သူများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဌေးလှိုင်(ဝမ်းတွင်း)